top of page

The Art of Valuation

Updated: Jul 1, 2020


ree

လုပ်ငန်းတူနယ်ပယ်တူ လုပ်ကိုင်နေကြတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုနဲ့တစ်ခုကြား တချို့တွေကတော့ ရေရှည်မှာအောင်မြင်နေကြပြီး အခြားလူတွေအတွက် လုပ်ငန်းအောင်မြင်ဖို့ထက် လည်ပတ်နိုင်ဖို့အတွက်ကိုပဲ အတော်ရုန်းကန်နေရတဲ့ အခြေအနေ၊ မတတ်နိုင်တဲ့အဆုံး လက်လျှော့လိုက်ရတဲ့ အခြေအနေတွေဟာ ကြုံတွေ့နေရတာဟာ ဘာကြောင့်ပါလဲ? 🤔🤔🤔 ဖြစ်နိုင်တဲ့အဖြေတစ်ခုက ကိုယ်လုပ်ငန်းရဲ့value ဘယ်မှာရှိနေလဲဆိုတာ သေချာမသိတာပါ။ လုပ်ငန်းတစ်ခုရဲ့ Value (တန်ဖိုး)ဆိုတာဘာလဲ? 🙄 ငွေကြေးဆိုင်ရာတန်ဖိုးတွေရှိမယ်၊ ငွေနဲ့တိုင်းတာဖို့မလွယ်တဲ့ တန်ဖိုးတွေရှိမယ်။ ဥပမာ - လုပ်ငန်းကပိုင်ဆိုင်တဲ့ စက်ပစ္စည်း၊ ထုတ်ကုန်၊ နေရာ၊ မြေစတာတွေက များသောအားဖြင့် ငွေကြေးတန်ဖိုးတွက်ချက်လို့ လွယ်လွယ်ကူကူရနိုင်ပါတယ်။ 👨‍🏫 လုပ်ငန်းရဲ့ အချိန်ကာလတစ်လျှောက်စုဆောင်းရရှိလာတဲ့ နည်းပညာ၊ လုပ်ငန်းလုပ်ပုံအစဥ်၊ အသိပညာ၊ ဝန်ထမ်းကောင်း(လုပ်ဖော်ကိုင်ဖက်ကောင်း)၊ ကိုယ့်ရဲ့ ဖောက်သည်၊ သူတို့တွေရဲ့ ကိုယ့်ထုတ်ကုန်၊ဝန်ဆောင်မှုမှာထားရှိတဲ့ ယုံကြည်မှု သစ္စာရှိမှု ဒါတွေဟာလည်း လုပ်ငန်းရဲ့တန်ဖိုးတွေပဲဖြစ်ပါတယ်။ ဒါပင်မယ့် သူတို့ရဲ့ Value က ငွေကြေးနဲ့တန်ဖိုးဖြတ်ဖို့ဆိုတာ လက်တွေ့မှာ မလွယ်ကူပါဘူး။ 🤷‍♀‍ ရေရှည်ရော ရေတိုပါ အောင်မြင်ဖို့ဆိုတာ ကိုယ့်လုပ်ငန်းရဲ့ အခုအထက်မှာဖော်ပြခဲ့တဲ့ တန်ဖိုးတွေကိုသိနားလည်ထားဖို့ လိုပါတယ်။ ခုလိုနောင်ဘာဖြစ်မလဲဆိုတာ မသေချာ မရေရာတဲ့အချိန်မှာဆိုပိုပြီးလိုအပ်ပါတယ်။ 😰 အပြောင်းအလဲကို မှန်းဖို့လည်းမလွယ်တဲ့ အခုချိန်မှာ အခြေအနေတွေက ကိုယ့်လုပ်ငန်းအတွက် ကောင်းတဲ့အခြေအနေရောက်သွားနိုင်သလို ၊ဆိုးတဲ့အခြေအနေလည်း ရောက်သွားနိုင်ပါတယ်။ သေချာတာကတော့ ပြင်ဆင်မှုမရှိထားရင် အခြေအနေတွေက ရုတ်တရက်မြန်မြန်ဆန်ဆန်ရောက်လာတာကို ကြုံတွေ့နိုင်ပါတယ်။ ဒီလို ambiguous ဖြစ်တဲ့အချိန်မှာ လုပ်ငန်းတွေအားလုံးက ရှေ့ဆက်ရှင်သန်ရေးအတွက် အတော်ရုန်းကန်ရတဲ့အချိန် ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်မှားရင် ကိုယ့်လုပ်ငန်းရဲ့Value ကျဆင်းတက်လို့ ကိုယ်ချမှတ်မယ့် ဆုံးဖြတ်ချက်တွေက ကိုယ့်လုပ်ငန်းရဲ့ Valueတွေ နဲ့သက်ဆိုင်ပါတယ်။🧐 ကိုယ့်လုပ်ငန်းရဲ့ Value ကို သေချာနားလည်သဘောပေါက်မှသာ ကိုယ်လုပ်ငန်းအတွက် Value Added ဖြစ်မယ့် ဆုံးဖြတ်ချက်တွေကို အချိန်နဲ့အညီ ချမှတ်နိုင်မှာဖြစ်ပါတယ်။ 😎💱 🔽🔽🔽🔽🔽🔽 မည့်သည့်လုပ်ငန်းမျိုးမဆို Value ဆုံးဖြတ်ရာတွင် အထောက်အကူပြုနိုင်တဲ့ Matrix ရဲ့ Art of Valuationကို မိတ်ဆက်လိုက်ရပါတယ်။ 💯The Art of Valuation (Batch – 5) ကို May လ 7 ရက်နေ့မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်… သင်တန်းမှာ Valuation Process ကို လက်တွေ့ မိမိ လုပ်ငန်းမှာ ပြန်လည်အသုံးချနိုင်အောင် - နိုင်ငံတကာမှ အသုံးပြုနေတဲ့ Valuation methods များ၊ လုပ်ငန်းအတွက် သင့်လျော်မယ့် တွက်ချက်ပုံများ - Valuation ရဲ့ အခြေခံဟာ ဘာလဲ - Valuation Process ရဲ့ အရေးပါတဲ့ လုပ်ငန်းစဉ်တွေ ကဘာလဲ - စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေးပါတဲ့ Assumptions တွေကို ဘယ်လိုတွက်ချက်ရမလဲ - ဘယ်အချက်အလက်တွေကို ကြည့် ပြီး Valuation လုပ်ကြလဲ - တန်ဖိုးတစ်ခုကို ဘယ်လိုသတ်မှတ်ကြလဲ ? အစရှိတာတွေကို ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ၏ Case Study များကို အသုံးပြု၍ အဓိကထားလေ့လာရမှာ ဖြစ်ပါတယ် - သင်တန်းအပြီးမှာ ၁. Valuation ရဲ့ Basic သဘောတရားတွေနဲ့ Theories ၂. Asset, Project, Business တစ်ခုရဲ့ intrinsic value ၃. Discounted Cash Flow, Asset Based Approach, Market Multiple Approach စတဲ့ Calculations ၄. Finance နဲ့ပက်သက်တဲ့အရေးကြီးတဲ့ ယူဆချက်တွေ ၅. မြန်မာနိုင်ငံက Private companies တွေကို ဘယ်လို valuation လုပ်ရတယ်ဆိုတဲ့ Knowledge များ လက်တွေလုပ်ငန်းမှာ ပြန်လည်အသုံးချနိုင်သည်အထိ နားလည်သဘောပေါက်သွားမှာ ဖြစ်ပါတယ်.. - ဘယ်သူတွေတက်သင့်လဲ⬇️ ကိုယ်ပိုင်လုပ်ငန်းရှင်တွေ Management နှင့် Finance မှာ တာဝန်ထမ်းဆောင်နေတဲ့ Professionals တွေ နှင့် စီးပွားရေးလုပ်ငန်းတွေရဲ့ ရင်နှီးမြုပ်နှံမယ့် လုပ်ငန်းကြီးတစ်ခုလုံးကို အရောင်းအဝယ် ပြုလုပ်ဖို့အတွက် ဘယ်လိုတန်ဖိုးသတ်မှတ်ကြလဲ သိချင်တဲ့ လူတွေ အတွက် မဖြစ်မနေတက်ရောက်သင့်တဲ့ သင်တန်းတစ်ခု ဖြစ်ပါတယ်… ⬇️⬇️⬇️ Course Fee: 75,000 MMK Starting Date 07 May 2020 Course Duration: 15 hrs Timetable: Thursday – 06:00 PM to 08:00 PM Sunday – 01:00 PM to 04:00 PM ☛ Lecturers: ✦ Dr. Hla Theingi Ph.D (Asian Institute of Technology) Matrix Finance Program Advisor အောက်ပါလင့်ခ်မှာ လည်းဝင်ရောက် registration လုပ်နိုင်ပါတယ်… https://bit.ly/2KHRVxX ဖုန်း 01 8245660, 09 445533 288-289 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။ - Matrix Institute of Professionals Room: D-E, Level 2, Bld No: 182-194, Botahtaung Pagoda Road, Pazundaung Township, Yangon, Myanmar. #matrixinstitute #matrixfinance #matrix2020classes1#financialhealth#finance #introductiontofinance

Comments

Rated 0 out of 5 stars.
Couldn’t Load Comments
It looks like there was a technical problem. Try reconnecting or refreshing the page.
bottom of page